မိုင်းယောင်း မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို မြို့နယ်အဆင့် တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မတ်လ ၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်နေမှု၊ မြို့မဘောလုံးကွင်း အုတ်တံတိုင်းကာရံနေမှု၊ လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်နေသည့် လမ်းတံတားများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု စသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီစေရေး၊ အချိန်မီပြီးစီးရေးနှင့် အဆောက်အအုံ အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ စီမံကိန်းဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးယျ၊ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးထက်ဝေတင့် ဦးစီးအရာရှိ(မြို့ပြ)၊ စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုး၊ ကျေးလက်လမ်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးညီညီထက်နှင့် သက်ဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းမှ ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း