ကချင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ များပေးအပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သားများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ထောက်ပံ့ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ယနေ့ နိုင်ငံ၏ အခြေအနေကြောင့် နိုင်ငံနှင့်တစ်ဝန်းတွင် ဆူပူ ဆန္ဒပြမှုများ ပေါ်ပေါက်လျက်ရှိရာတွင် မိမိတို့ပြည်နယ်လည်းပါဝင်ပါကြောင်း၊ မိမိတို့ပြည်နယ် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အတည်ငြိမ်ဆုံးနှင့် ထိခိုက်မှုအနည်းဆုံး ဖြေရှင်းဆောင်ရွက်နိုင် သည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများရှိသကဲ့သို့ ဆူမှုအကြမ်းဖက်မှုများ ဖြစ်အောင် သွေးထိုးလှုံ့ဆော်သူများလည်း ရှိနေသည့်အတွက် ယခုလို တည်ငြိမ်အေးချမ်းမှု မရှိသည့် အခြေအနေတွင် နေ့၊ ညမပြတ်လုံခြုံရေးတာဝန်ယူ ထမ်းဆောင်နေကြရသည့် တပ်မတော်သားများအား မိမိတို့ကောင်စီအနေဖြင့် အသိအမှတ်ပြု ကျေးဇူး တင်သည့်အနေဖြင့် တတ်နိုင်သမျှ ယခုလိုထောက်ပံ့ပေး အပ်ရခြင်းနှင့် မိမိတို့နှင့်လက်တွဲပြီး တည်ငြိမ်အောင် လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်နယ်အတွင်းလုံခြုံရေးတာဝန်ထမ်း ဆောင်လျက် ရှိသော တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၅၀)အား ထောက်ပံ့ပေးအပ်ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်နယ်မှူးဗိုလ်မှူးချုပ်ကျော်ကျော် နိုင်တို့က လက်ခံရယူခဲ့ကြပြီး တိုင်းမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများက တက်ရောက်လာသူများအား နှုတ်ဆက် အားပေးခဲ့ကြသည်။ ပြည်နယ်ပြန်/ဆက်