မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၌ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ်(၂)ဈေး တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ထံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝိုင်းမော်မြို့ အမှတ် (၂)ဈေးတည်ဆောက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများတို့က ဝိုင်းမော်မြို့ အမှတ် (၂)ဈေး တည်ဆောက်ခဲ့ရသည့် အခြေအနေ၊ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် တည်ဆောက်ပြီးစီးသည့် ဈေးအတွင်း ဆိုင်ခန်းများဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ဆိုင်ခန်းများပြန်လည်ရောင်းချနိုင်ရေး အဆိုပြု ဈေးနှုန်း သတ်မှတ်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်နှင့် ဦးတိန့်ဆောင်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးနှင့် အမှတ် (၂) ဈေးတာဝန်ယူ တည်ဆောက် လျက်ရှိသည့် မြစ်ကြီးနားညီအစ်ကိုများစပ်တူကုမ္ပဏီမှ တာဝန်ရှိသူများ ဆိုင်ခန်းဈေးနှုန်း သတ်မှတ် သွားမည့်အခြေအနေတို့ကို အကြံပြုတင်ပြမှုအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန် နန်က မိမိတို့ကောင်စီအဖွဲ့အနေဖြင့် တစ်ဖက်တွင်လည်း ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက် နေသကဲ့သို့ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း နှောင့်နှေးမှုမရှိအောင် အမြန်ဆုံးဖြေ ရှင်းဆောင်ရွက် ပေးရမည့်ကိစ္စများကို ဦးစားပေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြော ကြားပြီး ဝိုင်းမော်မြို့အမှတ်(၂)ဈေးကို ဖွင့်လှစ်နိုင်ရေးနှင့် ဆိုင်ခန်းများအမြန်ဆုံးရောင်းချနိုင်ရေး အတွက် အဆိုပြု ဈေးနှုန်းကို အတည်ပြုကြောင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဝိုင်းမော်မြို့ အမှတ် (၂)ဈေးသည် ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်ရှိ စည်ပင်သာယာရေး အဖွဲ့ပိုင် မြေပေါ်တွင် မြေစိုက်(၁)ထပ် ဈေးအဖြစ် တည်ဆောက်ခဲ့ပြီး ဈေးတွင် ဆိုင်ခန်းပေါင်း (၂၈၈)ခန်း နှင့် ပျံကျဈေး ပါဝင်မည်ဖြစ်ကြောင်းနှင့် ဆိုင်ခန်းတစ်ခန်းလျှင် ဆိုင်ခန်းနေရာပေါ်မူတည်၍ အဆိုပြု ဈေးနှုန်းမှာ ငွေကျပ် (၁၈) သိန်းမှ (၄၄၀) သိန်းထိရှိကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)