မော်လမြိုင် ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မြန်မာ့ စီးပွားရေးဘဏ်(၁)(၂)တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစား ဝန်ထမ်း များသည် ပင်စင်လစာများကို အေးချမ်းစွာ ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ပင်စာလစာများ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိပြီး မော်လမြိုင် မြို့နယ်တွင် မြို့ပြ ပင်စင်စား ၅၀၀၀ ကျော်၊ နိုင်ငံရေးပင်စင်စား ၁၀၀ ကျော် နှင့်ကာကွယ်ရေး ပင်စင်စား ၃၀၀၀ ကျော် ရှိကြောင်း မော်လမြိုင်မြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ-၂ မှ သိရှိရသည်။
အငြိမ်းစားဝန်ထမ်း ပင်စင်လစာများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ နံနက် ၇ နာရီမှ စတင်ကာ ထုတ်ပေးသွားမည်ဖြစ်ပြီး ပြည်သူများမှာလည်း အေးချမ်းစွာ ငွေသွင်း/ ငွေ ထုတ် လျက်ရှိ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)