သီပေါ ဖေဖော်ဝါရီ ၉
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီးအား ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရာဂါ ကာကွယ်။ တားဆီးရေး၊ ကုသရေးလုပ်ငန်းစဉ်များကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုအတိုင်း အတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် ဂေါပကအဖွဲ့နှင့် ဗုဒ္ဓနွယ်ဝင် များက ဘုရားကြီး ပရိဝုဏ် အတွင်း၊အပြင်များ၌ သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
သီပေါ ပေါ်ကြိုဂေါပကအဖွဲ့သည် မြို့နယ်သံဃနာယအဖွဲ့၏ ဩဝါဒခံယူပြီး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူအများ ဘုရား ဖူးမြော်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များအတိုင်း အဝင်/ အထွက် လမ်းများကို သတ်မှတ်ထားရှိပြီး သောက်ရေသန့်များ၊ လက်ဆေးရန် ဆပ်ပြာရည်နှင့် လက်ဆေးဘေစင်များကို နေရာမလပ် စီစဉ်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်း(သီပေါ)