တောင်ကြီးမြို့အတွင်းရှိအထင်ကရ ဘုရားစေတီတော်များပြန်လည်ဖူးမြော်ခွင့်ပြု

 

တောင်ကြီး  ဖေဖော်ဝါရီ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုအားကာကွယ်၊ တာဆီး၊ ထိန်းချုပ်နိုင်ရေးအတွက် ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့်များကို ယာယီပိတ်ထားရာမှ လက်ရှိ အချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ၊ကာကွယ်၊တားဆီးရေး လုပ်ငန်းစဉ်များကြောင့် ရောဂါ ကူးစက်ပျံ့နှံမှုအား အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် ဘုရား၊ ပုထိုး၊ စေတီများအား အချိန်၊ လူဦးရေ ကန့်သတ်ချက်များဖြင့် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်း၊ စည်ကမ်းများနှင့်အညီ ပြန်လည် ဖူးမြော်ခွင့်ပြု ပေးပြီး၊ လူစုလူဝေးဖြင့် အလှူအတန်း ပြုလုပ်ခြင်းများအား ခွင့်မပြုပေးသေးပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ 

တောင်ကြီးမြို့နယ်အတွင်းရှိ ဘုရား၊ပုထိုး၊စေတီများအားအချိန်၊ ရင်ပြင်တော် အကျယ်အဝန်းပေါ်မှုတည်၍ လူဦးရေကန့်သတ်ချက်ဖြင့် ပြန်လည်ဖူးမြော်ခွင့်ကို ဖေဖော်ဝါရီလ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးပြီး၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုရိုနာဗိုင်းရပ်စ်  စည်းမျဉ်း၊စည်ကမ်းများနှင့်အညီ ပြန်လည် ဖူးမြော်ခွင့်ပြုကြောင်း သိရသည်။

စိုင်းသန်းကျော်