တာလေ ဖေဖေါ်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက တာလေမြို့ နားအွန်ကျေးလက် ကျန်းမာရေးဌာနဆေးခန်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
“ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များနှင့် မိဘအုပ်ထိန်းသူများကို ကျန်းမာရေးဌာန ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်စေပြီး ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း များကို စနစ်တကျ ဆောင်ရွက်ခဲ့ပါတယ်” ဟု ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ပြောသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း အစီအစဉ်တွင် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး၊ bcg ကာကွယ်ဆေး၊ pcv ငါးမျိုးစပ် ကာကွယ်ဆေး၊ penta ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ opv ပိုလီယိုအစက်ချ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း များအပြင် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
အောင်ကျော်မိုး ( ပြန်/ဆက် )