ဆီဆိုင် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ပန်အွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ် လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)ဦးဘဆန်းလှ၊ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်နှင့် တာဝန်ရှိသူများက ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၁၆၇.၁၆) သန်းဖြင့် တင်ဒါအောင်မြင်သည့် သူရိယနဂါးအားမာန်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သည့် အလျားပေ ၁၀၀ ၊ အနံ ၃၀ ပေရှိ RCC(၂)ထပ် စာသင်ကျောင်းဆောင် အဆောက်အအုံသစ် ဆောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)