ဆီဆိုင် ဖေဖော်ဝါရီ ၅
ဆီဆိုင်မြို့ရှိ ၀န်ထမ်းများနေထိုင်ရေး အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေး မြေနေရာ၌ ဆောင်ရွက်လျက်ရှိသော (၄)ခန်းတွဲ၊ (၄)ထပ် ၀န်ထမ်းအိမ်ရာ အဆောက်အအုံ တည်ဆောက်နေမှု အခြေအနေများကို ယမန်နေ့ နံနက် ၈ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေ ကျပ်(၃၃၀)သန်းဖြင့် အလျား ၆၁.၅ ပေ၊ အနံ ၅၁ ပေရှိ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံကို တင်ဒါအောင်မြင်သည့် Million Effect Co., Ltd မှ ဇန်နဝါရီ ၈ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်း ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)