ညောင်ရွှေမြို့နယ်တွင်း အသွားအလာကန့်သတ်ထားရှိသူ (၂၃)ဦး၏ ဓာတ်ခွဲနမူနာများရယူ

ညောင်ရွှေ     ဖေဖော်ဝါရီ  

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း၌ သွားအလာကန့်သတ်ထားရှိသူများ၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ်နမူနာများရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားခြင်း ရှိမရှိစစ်ဆေးအတည်ပြုနိုင်ရန်အတွက် RDT (Task Kit)ဖြင့် စမ်းသပ်စစ်ဆေးမှု ()ဦး၊ ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးနိုင်ရန် PCR ဓာတ်ခွဲ နမူနာရယူခြင်း(၁၅)ဦး စုစုပေါင်း(၂၃)ဦးကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဓာတ်ခွဲနမူနာများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများနှင့် အရပ်ဖက်စေတနာ့ ဝန်ထမ်းများက စနစ်ကျရယူခဲ့ပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုရ လဒ်အဖြေများအား အများပြည်သူ သိရှိနိုင်စေရန် အတွက်အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

စိုင်းအယ်ဘဲ