တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းတွင် နှာခေါင်းနှင့်အာခေါင်တို့မှ တို့ပတ်ဓါတ်ခွဲ နမူနာရယူ

 

တန့်ယန်း  ဖေဖေါ်ဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း(Facility Quarantine Centre)တွင် ယမန်နေ့ ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲ နမူနာ ရယူခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက်  ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း (Quarantine Centre)တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ဦး၊ ဒေါက်တာစိုးသန်းထိုက်နှင့် တာဝန်ရှိသူတို့က ကြီးကြပ်ကာ စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၄)ပါးနှင့် ခရီးသွားပြည်သူ(၃၂)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား မြို့နယ် ကျန်းမာရေးဌာန ဝန်ထမ်းများကရယူကာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။                                                                                           

မင်းလွင်ဦး(ပြန်/ဆက်)