လပ်တိုင်-ပင်အွန်းကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 

ဆီဆိုင်      ဖေဖော်ဝါရီ       

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံ ပြည်သူများ သွားလာရေးအဆင်ပြေစေရေးနှင့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်တို အတွင်း လွယ်ကူ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ်(၁၉၁.၆၄၇)သန်းဖြင့် တင်ဒါအောင်မြင်သည့် Golden Top Point ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လပ်တိုင်-ပင်အွန်း ကျေးရွာချင်းဆက်လမ်း(/)မိုင်အနက် (/)မိုင် ကျောက်ချောခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ကော်မတီဝင်များ၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ် ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်တို့က ဖေဖော်ဝါရီ ရက်နေ့တွင်  လုပ်ငန်းအရည်အသွေးကောင်းမွန်မှုရှိ/မရှိကို မြေပြင် ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းပြီးစီးပြီဖြစ်၍ ကျေးရွာ()ရွာ၊  အိမ်ခြေ(၁၃၁၁) လူဦးရေ (၆၁၅၈)ဦး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှု ဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)