မိုးမိတ် ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် စည်ပင်သာယာဈေးကြီးတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုင်းမင်းမင်းထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတင်ရှိန်နှင့် စည်ပင်သာယာရေး ဝန်ထမ်းများက ပူပြင်းသော နွေရာသီတို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကျရောက်မှု မရှိစေရန်အတွက် မီးသတိရှိရေး အထူးဂရုစိုက်ကြရန်နှင့် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် ဈေးအတွင်း မီးသတ်ဆေးဘူး များထားရှိမှု အခြေအနေများ ၊ မီးသုံးစွဲမှုအခြေအနေများနှင့် မီးလောင်မှု၊ မီးထိတ်လန့်မှုများ မဖြစ်ပွားစေရေး ၊ မီးဘေးလုံခြုံမှုရှိ၊ မရှိစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိခြင်း၊ မီးကိုစနစ်တကျကိုင်တွယ်သုံးစွဲခြင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေး အန္တရာယ် ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မိုးမိတ်သား (စည်သူဌေး)