သဘဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ပြည်သူတို့ လက်ဝယ်အရောက် လှည့်လည်ဖြန့်ဝေပေး

လင်းခေး    ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၇ နာရီခွဲက လင်းခေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များကို ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းလှည့်လည် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအပြင် သဘာဝဘေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း ကိုလည်း မြန်မာ/ရှမ်းဘာသာ နှစ်ဘာသာအားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့၌ လင်းခေးမြို့နယ် တောင်ရွာရပ်ကွက်၊ ရွာမကြီးအနောက်ရပ်ကွက်၊ မြို့ဦးရပ်တို့တွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၂ ရက်နေ့က ဒါးဆိပ်ကျေးရွာ၊ ဟိုနားကျေးရွာနှင့် ပန်ထနောင်းကျေးရွာတို့တွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့တွင် ပုန်းထွန်ကျေးရွာနှင့် ပန်ကျိုင်းကျေးရွာများသို့ သွားရောက် လှည့်လည်နှိုးဆော်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)