ရေး ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်၊ ရပ်ကွက်/ ကျေးရွာများမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း မြစ်သဲ၊ ကျောက်နှင့် အုတ်ဖုတ်လုပ်ငန်းလိုင်စင် (သက်တမ်းတိုး) လျှောက်ထားခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ယမန်နေ့၊ မွန်းလွဲ (၃) နာရီခွဲက လုပ်ငန်းများတည်ရှိရာ နေရာများသို့ မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းရာတွင် ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဒေသခံလုပ်ငန်းရှင်များ တင်ပြလျှောက်ထားသည့် လုပ်ငန်းအသီးသီး၏ သက်တမ်းတိုးလိုင်စင်အ မှုတွဲများနှင့် မြေပြင်တွင်အမှန်တကယ် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ၊ သတ်မှတ်ထားသည့် စည်းကမ်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/ မရှိ တို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ဖြည့်စွက်မှာကြားခဲ့သည်။ ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကံဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဧယျာမင်းဦး၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံလုပ်ငန်းရှင်များက လိုက်ပါ ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။
ရေးမြို့နယ်အတွင်း မြစ်သဲ၊ ကျောက်လုပ်ငန်းလုပ်ကိုင်သူ (၁၃) ဦးနှင့် အုတ်ဖုတ်လုပ်ငန်း လုပ် ကိုင်သူ (၂၀) ဦးတို့ ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)