ရန်ကုန် ဇန်နဝါရီ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယနေ့ နံနက် (၁၀) နာရီအချိန်မှ စတင်ကာ ရပ်ကွက်များအလိုက် ပြည်သူများလက် ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရ သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၄၀၀၀၀) ကျပ်စီ ဖြင့် အိမ်ထောင်စု(၉၆၆) စုအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း(၃၈၆၄၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာ များ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အလုံမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်ရှိပြီး နိုင်ငံတော်မှ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် ထောက်ပံ့ငွေပေးအပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး အိမ်ထောင်စု (၉၆၆)စုအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရရှိသော ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရချိန်၌ ယခုကဲ့သို့ နိုင်ငံတော်မှ ထောက်ပံ့ပေးမှုအတွက် များစွာဝမ်းမြောက်လျက်ရှိကြောင်းလည်း ပြည်သူများထံမှ သိရှိရသည်။
တင်တင်ချို