ဒဂုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းဆောင်ရွက်

ဒဂုံ ဇန်နဝါရီ  ၂၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊  ဒဂုံမြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား လတ်တလော ဖြစ်ပွားနေ သည့် ကိုဗစ်-၁၉ ကာလတွင်  စားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေစေရန်အတွက် ထပ်တိုးအိမ်ထောင်စု တစ်စုလျှင် ငွေ(၄၀၀၀၀)ကျပ်ကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ပေးအပ်ခဲ့ကြောင် သိရသည်။

ထိုသို့ ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် ယောမင်းကြီးရပ်ကွက်ရှိ ထပ်တိုးအိမ်ထောင်စု()စု ဘုရားကြီး ရပ်ကွက်ရှိ ထပ်တိုး အိမ်ထောင်စု()စုတို့အား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူတို့၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်(ပြန်/ဆက်)