ကြည့်မြင်တိုင် ဇန်နဝါရီ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်များအလိုက် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက် ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု တစ်စု လျှင် ငွေကျပ် (၄၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၆၀၃၅)စုကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက်(၂၂) ရပ်ကွက်ရှိပြီး နိုင်ငံတော်မှ ယခင်က ထောက်ပံ့ငွေ ပေးအပ်ရာတွင် အကြောင်း အမျိုးမျိုး ကြောင့် ကျန်ရှိခဲ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာ ထပ်တိုးအိမ်ထောင်စု (၆၀၃၅)စုအား ထောင်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)