တံတားဦး ဇန်နဝါရီ ၂၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ၊ နည်းဥပဒေများအား အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ဇီးချောင်းကျေးရွာ ဘုန်းတောမ်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည် ။
အဆိုပါအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အဆင့်ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အဖွဲ့(၅)မှ အဖွဲ့ခေါင်းဆောင် မြို့နယ်မြို့နယ်လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်သန့်ဆွေ ဦးဆောင်သော အဖွဲ့မှ မိမိတို့တာဝန်ကျရာ ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ပြီး ဆွေးနွေးရာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ၊ ရပ်မိရပ်ဖများ ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများ တက်ရောက် ကြပြီး မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးကြသည် ။
အလားတူ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ၊ နည်းဥပဒေများအား အသိပညာပေးခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများဖြင့် ဖွဲ့စည်းထားရှိသည့် ကြီးကြပ်ရေးအဖွဲ့(၆)ဖွဲ့ဖြင့် တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာအုပ်စု(၆၄)အုပ်စုသို့ အသီးသီးကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)