မိုးကုတ်၊ ဇန်နဝါရီ ၂၉
မိုးကုတ်မြို့တွင် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနအစီအစဉ်ဖြင့် မိုးကုတ်မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ထိုးနှံရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးနှင့် ဆေးရုံအုပ်ကြီးဒေါက် တာဇော်မင်းသိုက်တို့မှ လေ့လာကြည့်ရှု့ခဲ့ကြပြီး ပထမဆုံးနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD)ကိုကျန်းမာ ရေး ၀န်ထမ်း အယောက်( ၂၀၀) ကျော်တို့အားထိုးနှံပေးခဲ့ပြီး ကျန်ရှိ၀န်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဖြိုးမမ(မိုးကုတ်)