မိုးကောင်း ဇန်နဝါရီ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ နောင်ကိုင်တော်ရပ်ကွက်၊ ဘူတာစုနေ၍ မီးရထားပေါ် ဈေးရောင်းသူ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ယမန်နေ့ ညနေ ၄ နာရီခန့်တွင် မိုးကောင်း ဘူတာသို့ ပြန်ရောက်စဉ် အနံ့ပျောက်သဖြင့် မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဓါတ်ခွဲနမူနာ စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်အဆောင်တွင် ဆေးကုသမှုခံယူ လျက်ရှိပြီး ၎င်း၏ နေအိမ်အပါအဝင် ထိတွေ့ဆက်စပ်သည့် နေအိမ်များအား ဆက်လက်ရှာဖွေလျက်ရှိရာ နောင်ကိုင်တော်၊ မဟောင်ရပ်ကွက်ရှိ နေအိမ်(၄၂)အိမ်အား Lockdown ချ အသွားအလာ ကန့်သတ်ဆောင်ရွက် ထားကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)