ပန်ဆိုင်း ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ အများပြည်သူသို့ အသိပညာပေး မျှဝေခြင်း လုပ်ငန်းများဖြစ်သည့် ပိုစတာများဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့၊ နံနက်ပိုင်း အချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့ ရပ်ကွက်များ၌ ဖြန့်ဝေခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရှမ်းသာရေးနာရေးခန်းမ၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဉပဒေအရ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များအား (၁-၄-၂၀၂၀)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ရွေးချယ်ဆောင်ရွက်သွားရန်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပြည်သူများသို့ အသိပညာပေး မျှဝေခြင်းလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် ပတ်သက်၍ မြို့အုပ်ချုပ် ရေးမှူး ဦးမင်းဇာနည်မှ အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း အသိပညာပေး ပိုစတာ “Your Rights Your Choice” “သင့်အခွင့်အရေး…..သင်ရွေးချယ်ပေး” လက်ကမ်း စာစောင်ကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်များအထိ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းမိုးခိုင် (ပြန်/ဆက်)