လဲချား၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်

 

လဲချား ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ် ရေး အဖွဲ့ဝင်()ဦးအား စိစစ်ရွေးချယ်ခြင်းကို ယနေ့ မွန်းလွဲ နာရီအချိန်က အမှတ် ()ရပ် ကွက်တွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်းပြုလုပ်ခဲ့သည်။

အဆိုပါ  ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ပေးခြင်းကို မြို့နယ် ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့လှိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအဖွဲ့ဝင်များက  သတ်မှတ် ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင် ()ဦးကို မြို့နယ် ကွင်းဆင်းရွေးချယ်ရေး အဖွဲ့ဝင်များမှ အမှတ်()ရပ်ကွက်သို့ သွားရောက်၍ အိမ်ထောင်စု ( ၂၅၀)စုမှ ကိုယ်စားလှယ်များအား ဖိတ်ကြားတွေ့ဆုံကာ အများကြည်ညို လေးစားပြီး ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုသူ ()ဦးအား သတ်မှတ်ချက် များနှင့်အညီ စနစ် တကျစိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)