ရပ်စောက် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၁၆၅)ဦး တို့အား အုပ်စု(၂)စုခွဲ၍ နံနက်(၁၀) နာရီမှ(၁၂)နာရီထိ တစ်အုပ်စု နှင့် နေ့လည်(၁)နာရီမှ (၄)နာရီထိ တစ်အုပ်စုဖြင့် အုပ်စုခွဲ၍ တစ်နေ့တည်းအပြီး ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အားကစားနှင့်ကာယပညာ ဦးစီး ဌာနမှ ဝန်ထမ်း(၅)ဦး၊ တိုင်းရင်း ဆေးကုသရေးဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးနှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် လက်ရှိအချိန်အထိ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်ပေး လျက်ရှိသော မြို့နယ်ရဲတပ်ဖွဲ့ မှ ဝန်ထမ်း(၂)ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မှ ဝန်ထမ်း(၂)ဦး အပြင် ရပ်ကွက်/ကျေးရွာ မှ Volunteer ပြည်သူများ(၁၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ စုစုပေါင်း (၁၉၀)ဦးကို တစ်နေ့တည်းအပြီး တပြိုင်နက်ထိုးနှံပေးခဲ့ကြောင်း နှင့်လာမည့် ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( ဒုတိယအကြိမ် ) ထပ်မံထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)