ညောင်ဦး ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဏိစည်သူဈေးကြီးမီး မီးဘေးကြိုတင် ကာကွယ်ရေး၊ ပွင့်လင်းရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့ နံနက် ၁၀နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဈေးသူဈေးသားများနှင့် ဈေးမိဈေးဖများ လက်တွေ့မီးငြိမ်းသတ် နည်း လေ့ကျင့်ဇာတ်တိုက်ပြုလုပ်ခဲ့ကြောအင်း ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောက် (လက်ထောက်ညွှန်ကြားရေးမှူး)ထံက သိရသည်။
အဆိုပါ မဏိစည်သူ(မြို့မဈေးကြီး)မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ စည်ပင်အမှုဆောင်အရာရှိ ဦးတင်မြင့်၊ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်း သူ နှင့်ညောင်ဦးမြို့နယ် ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုလွင်၊ မြို့မရဲစ ခန်းမှူး ဒုရဲမှူး အောင်မင်းဦးနှင့် ဈေးမိဈေးဖများ၊ ဈေးသူဈေးသားများသည် ခရိုင်/မြို့နယ် မီးငြိမ်းသတ်ယာဉ် များဖြင့် မဏိစည်သူဈေးကြီး ပတ်ပတ်လည်မှလက်တွေ့ မီးငြိမ်းသတ် နည်းသရုပ်ပြရေ ဖျန်းပက်ခြင်း၊ ဈေးသူ ဈေးသားများမှ လက်တွေ့မီးသတ် ဆေးဘူးများဖြင့် မီးငြိမ်းသတ်နည်းများ ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍မဏိစည်သူဈေးကြီးတွင်းရှိ မီးသတ် ရေအုတ်ကန်များမှရေတိုင်ဖြင့် ရေဖြန်းပက်ဇာတ် တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)