မိုင်းရယ် ဇန်နဝါရီ ၂၈
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ် ဆေးကို ယနေ့ နံနက်(၉)နာရီ ကစတင်ပြီး မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံပေးလျက်ရှိပါသည်။
အဆိုပါ COVID-19 ရောဂါ ကာကွယ်ဆေးကို မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံရှိ ဆရာဝန်ကြီးနှင့် လ/ထဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်း များအား စတင်ထိုးနှံခဲ့ပြီး ယနေ့ အနေဖြင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း (၉၀)ဦးအား ပထမအကြိမ်ထိုးနှံနိုင်ခဲ့ကြောင်း သိရှိရ သည်။
မိုင်းရယ် (ပြန်/ဆက်)