တာချီလိတ် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီး ဘေးဝဲယာမှ ရေနုတ်မြောင်းများမှ အမှိုက်များဆယ်ယူခြင်းကို မြို့နယ်စည်ပင် သာယာရေး ဌာနက လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
ရေနုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့နေမှုကြောင့် မိုးရာသီ ကာလ မိုးများ သည်းထန်စွာ ရွာသွန်းပါက မြေနိမ့်ရာနေရာများ၊ ရပ်ကွက်တွင်းနှင့် လမ်းမပေါ်တွင် ရေဝပ်ခြင်း ရေလျှံခြင်းများ ကြုံတွေ့ရသဖြင့် ယခုကဲ့သို့ပွင့်လင်းရာသီ၌ အမှိုက်များကိုကြိုတင် ဆယ်ယူခြင်းဖြင့် ရေစီးရေလာ ကောင်းမွန်စေပြီး ရေဝပ်ခြင်း ရေလျှံခြင်းမှကြိုတင်ကာကွယ်နိုင်ရန်ဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီ ၂၄ ရက်နေ့မှစတင်၍ နေ့စဉ်ဆောင်ရွက်လာခဲ့ရာတွင် ဦးစားပေးနေရာများ သတ်မှတ် လုပ်ဆောင်လာခဲ့ရာ ယမန်နေ့က ဝိန်းကျောက်ရပ်ကွက် ကျွန်းတော အနီးတစ်ဝိုက်မှ ရေနုတ်မြောင်း များကိုဆယ်ယူရှင်းလင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
စည်ပင်သာယာရေးဝန်ထမ်းများသည် ဗိုလ်ချုပ် လမ်းမကြီး တလျှောက် လမ်းဘေး ဝဲယာမှ လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ချုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ခြင်းများကိုလည်း လျှပ်စစ်အန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်လျက်ရှိကြောင်းသိရှိရသည်။
ယာဆေး(ပြန်/ဆက်)