ရွှေကူ ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်း ၁၉၁ ဦး၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနဝန်ထမ်း ၆ ဦး၊ မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနဝန်ထမ်း ၃ ဦးတို့အား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး (၂၀)လုံးအသုံးပြု၍ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၂)ရက်ကြာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသောသူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံအပြီး ၂၈ ရက် အကြာတွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ရွှေကူမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)