မောက်မယ် ဇန်နဝါရီ ၂၈
ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူး များ ရွေးချယ် နိုင်ရေးနှင့်ပတ်သက်၍ ပြည်သူများ၏ အိမ်ထောင်စုဇယားများ ရရှိစေရေးအတွက် စီမံချက်ရေးဆွဲ၍ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက တောင်မြို့ရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူးများ ရွေးချယ် ရာတွင် အခက်အခဲမရှိစေရန်အတွက် အိမ်ထောင်စုဇယားများကို အခမဲ့ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီး ကျန်ရှိနေသည့်ကျေးရွာအုပ်စုများသို့လည်း ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(ပြန်/ဆက်)