သင်္ဃန်းကျွန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

သင်္ဃန်းကျွန်း ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန် က မြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်မှ အိမ်ထောင်စု (၄၄၆၀)အတွက် တစ်အိမ်ထာင်လျှင် (၄၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၁၇၈၄၀၀၀၀၀)ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

ထူးထက်(ပြန်/ဆက်)