မိုးမောက် ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်တွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာ တင်မေသင်း ဦးဆောင်၍ ပထမအကြိမ် ထိုးနှံပေးရာ ယနေ့တွင် ကျန်းမာရေးဝန်ထမ်း (၉၂) ဦးခန့် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။
မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ ဒေါ့ဖုန်းယန်မြို့မှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁၈၂)ဦး ကို ဇန်နဝါရီလ(၂၈)ရက်နေ့ နှင့် (၃၁)ရက်နေ့ (၂)ရက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လွန်းနန်းထွေး