ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး

ဥတ္တရသီရိ  ဇန်နဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေး အတွက် ယနေ့ နံနက် ၁၀ နာရီက ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ တက်ရှိန်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းအိဖြိုးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရေး ကော်မတီဝင်များက ကျေးရွာအတွင်းရှိ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၂၆၈)ဦးအတွက် ငွေကျပ်(၂၉၇)သိန်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၁)ဦးအတွက် ငွေကျပ်(၁၃၄)သိန်း၊ စုစုပေါင်းလုပ်ငန်း လုပ်ကိုင်သူ (၃၁၉)ဦးအတွက် ငွေကျပ် (၄၃၁)သိန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထုတ်ချေးပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးသည့်ကျေးရွာ စုစုပေါင်း(၁၈) ရွာ ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အောင်ကို(ပြန်/ဆက်)