ပုဗ္ဗသီရိမြို့နယ်၌ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်ရေး အသိပညာပေးဆွေးနွေး

ပုဗ္ဗသီရိ ဇန်နဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ဥပဒေ၊ နည်းဥပဒေများအသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဥယျာဉ်ကျေးရွာအုပ်စု ဆင်တဲကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ရီဝါဝင်းသိန်းက အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ရာတွင် ဒုတိယအကြိမ်ပြင်ဆင်သည့်  ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပုံများနှင့် ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်းများအား ရှင်းလင်းပြော ကြားခဲ့ပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ထိုသို့ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စု တို့၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)