စမ်းချောင်း ဩဂုတ် ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်စမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉:၃၀) က ဆောင်ရွက်ခဲ့ သည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၈) ရပ်ကွက်မှ မွေးကင်စမှ အသက် (၁)နှစ်ခွဲ အတွင်းရှိ ကလေးငယ်များကို ဘီစီဂျီဖောက်ပေးခြင်း၊ အသည်းရောင် အသားဝါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများကို ပြုလုပ်ပေးခဲ့ကြသည်။
ထို့သို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို လတစ်လ၏ ပထမပတ်တွင် ပုံမှန်ပြုလုပ်ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)