ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမ) အကြိမ် စတင်ထိုးနှံ

 ခိုလမ်   ဇန်နဝါရီ   ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့တွင်(ပထမ) အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈နာရီခွဲ အချိန်က ခိုလမ်မြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင်စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ခိုလမ်မြို့အတွင်းရှိ  တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း (၉၂) ဦးအား ထိုးနှံပေးမည်ဖြစ်၍  အပိုဆေးများကို ဆေးရုံတွင်ကူညီပေးနေသော ပရဟိတအဖွဲ့များအား ထိုးနှံပေးမည်ဖြစ်၍ ခိုလမ်မြို့အတွက် ဆေးလုံးရေ(၁၀)လုံး ရရှိပြီး ဆေးတစ်လုံးလျှင် လူဦးရေ (၁၀) ‌ယောက်အထိ ထိုးနှံခြင်းရှိကြောင်း ခိုလမ်  ခုတင်(၁၀၀) ပြည့်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော်ထံမှ သိရှိရသည်။

ခင်လေးဝင်း (ပြန်/ဆက်)