ကလော ဩဂုတ် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ ကွပ်ကဲမှုအောက်ရှိ ဌာန / ပုဂ္ဂလိက ပျားစခန်းများအနေဖြင့် ပျားရည် ထုတ်ရာသီ ရောက်ရှိတော့မည် ဖြစ်သဖြင့် ပျားအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြည့်စွက်စာများ တိုက်ကျွေးခြင်း၊ ပျားရောဂါကင်းစင်အောင်ဆောင်ရွက်ခြင်း၊ မိတ်အောင်ပျားဘုရင်မများ အစားထိုး လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပျားရည်ထုတ်ရာသီရောက်တော့မည်ဖြစ် သဖြင့် ဘာရိုဝါဂျက်ကော့ဆိုနီ ကပ်ပါးမွှား ရောဂါ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံ ဦးကျော်လင်း ဦးဆောင်၍ တိုင်းဒေသကြီး ၊ ပြည်နယ် ပုဂ္ဂလိက ပျားမွေးမြူသူများ ပါဝင်သောပျား စခန်းစစ်ဆေးရေးအဖွဲ့သည် ကလောမြို့ နယ် ၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းလောင်းမြို့နယ်များအတွင်းရှိ ဌာန / ပုဂ္ဂလိက ပျားစခန်း (၅၄) ခု သို့သွားရောက်၍ ဩဂုတ်လ ၁ ရက်နေ့မှ ယနေ့အထိ ဘာရိုဝါဂျက်ကော့ဆိုနီကပ်ပါးမွှားရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား လက်တွေ့ ပြသဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကုသနည်းလမ်းညွှန်ချက် လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)