နမ္မတူတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင် ပါသလား အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နမ္မတူ    ဩဂုတ် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်ထောင် စု ရွေးကော်ပွဲကော်မရှင်မှ ထုတ်ဝေသော မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် မဲစာရင်းများ သွားရောက်ကြည့်ရှုကြရန် လှုံ့ဆော်ခြင်းကို ယနေ့ နံနက် (၇)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးမင်းဇော်၊ အတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေး လက်ကမ်းစာစောင် (၂၄၀၀)စောင်နှင့် ပိုစတာအကြီး (၂၄၀) စောင်၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်နှင့် အဖြေများပါ ပိုစတာအသေး (၂၄၀)စောင်အား ဌာနဆိုင်ရာများ၊ မြို့မဈေး၊ ယာယီပျံကျဈေး၊ ကားဂိတ်များ၊ ကုန်စုံဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများ၊ ကြူဆော့ (IDP)စခန်း၊ ကချင်(IDP)စခန်းနှင့်   လီဆူး (IDP)စခန်းတို့ရှိ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မဲစာရင်းများသွားရောက် ကြည့်ရှုကြရန်၊ မဲစာရင်း တွင်အမည်မပါရှိခြင်းနှင့် မှားယွင်းချက်များရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲထံ အချိန်မီအကြောင်းကြား ပြင်ဆင်ရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။

နမ္မတူမြို့နယ်၌ ပထမအကြိမ် ကပ်ထားကြေညာသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် (၃၀၄၃၃)ရှိပြီး၊ မဲရုံပေါင်း (၄၈)ရုံရှိကြောင်း ပထမအကြိမ်ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ပြည်သူများ (၄၅၁၇) ဦးခန့် လာရောက်ကြည့်ရှုကြပြီး မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့် လျောက်ထားသူ (၂၂၆)ဦး၊ ကန့်ကွက်လွှာ ပုံစံ (၄)ဖြင့် လျှောက်ထားသူ (၇၆)ဦးနှင့် အချက်အလက် ပြင်ဆင်လွှာ ပုံစံ (၄-ဂ)ဖြင့် လျှောက် ထားသူ (၈၃)ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုး ထံမှ သိရှိရသည်။

လူမော် (ပြန်/ဆက်)