ကြည့်မြင်တိုင် ဇန်နဝါရီ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် သာဓုအနောက်ရပ်ကွက် သာဓုဘုန်းတော်ကြီးကျောင်းဝန်းရှိ အောင်သုခဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က အခြေခံလူတန်းစားများ ထပ်တိုးစာရင်း ထောက်ပံ့ပေးခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ ပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်းက အခြေခံလူတန်းစားများ ထပ်တိုးစာရင်းမှ ထောက်ပံ့ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ရပ်ကွက်များအတွင်း ဓမ္မာရုံနှင့် ရပ်ကွက်ရုံးများတွင် ဆောင်ရွက်သွားရန် စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အခြေခံလူတန်းစားများ ထပ်တိုးစာရင်း ထောက်ပံ့ပေးခြင်းဆိုင်ရာ အစည်းအဝေးသို့ မြို့နယ် အတွင်းရှိ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ကြည့်မြင်တိုင် မြို့နယ် အတွင်းရှိ အခြေခံလူတန်းစားများမှ ထပ်တိုးစာရင်းအိမ်ထောင်စုမှာ (၆၀၃၅) ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)