မိုးနဲ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင် ကျေးရွာတွင် ကျေးရွာနှင့်လယ်ယာမြေများ ဆက်သွယ်ထားသော ဟွေချေချောင်းကူး သစ်သားပျဉ်ခင်းတံတားကို ကျေးရွာနေပြည်သူများ စုပေါင်းအားနှင့် တည်ဆောက်ခဲ့ရာ ယနေ့တွင် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
တံတားမှာ သစ်သားပျဉ်ခင်းတံတား အမျိုးအစားဖြစ်ပြီး အကျယ် ၁၁ ပေ အရှည် ၂၂ ပေရှိပြီး ကျေးရွာနေ ပြည်သူများ ကိုယ်ထူကိုယ်ထ စုပေါင်းဆောင်ရွက်ခဲ့ကာ ရာသီမရွေးသွားလာနိုင်မည့် တံတားတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားပြီးစီးသွားသည့်အတွက် ကျေးရွာနေပြည်သူ ၃၀ ဦးကျော် စိုက်ပျိုးလုပ်ကိုင်လျက် ရှိသော လယ်ဧက ၂၀၀ ကျော်ကို အကျိုးပြုနိုင်သည့် ကျေးရွာကုန်ထုတ်တံတား တစ်စင်းဖြစ်ကြောင်း ကျေးရွာနေပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)