ကွမ်းလုံ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ဆေးရုံ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်စောထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း (၈၅)ဦးအား ထိုးနှံပေးလျက်ရှိပြီး ကွမ်းလုံမြို့နယ်အတွက် ကာကွယ်ဆေး (၁၀)လုံးရရှိရာ တစ်လုံးလျှင် (၁၀)ဦး ထိုးနှံနိုင်ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)