မိုးနဲ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု များအတွက် နိုင်ငံတော်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပြည်သူများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပန်စိမ်း(ကာဟ) ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ နိုင်ငံတော် မှထောက်ပံ့ငွေများ ကျေးရွာရှိအိမ်တိုင်ရာရောက်ကွင်းဆင်း သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက်ပေးအပ်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးသန်းညွန့်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက အဆိုပါ ကျေးရွာအုပ်စုရှိ ဝမ်ကျူကျေးရွာ၊ ကာဟကျေးရွာနှင့် ကုန်းပေါင်းကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု (၃၅)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀/-) ကျပ်နှုန်းစီကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မိုးနဲမြို့နယ်တွင် အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စု (၅၅၁) စုရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)