သိန္နီ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေပိုင်း က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့၀င်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦး က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာ၀န်ပေးအပ်ခြင်းနှင့် လုပ်ငန်းတာ၀န်များ ခွဲဝေသတ်မှတ်ခြင်း၊ မိမိတို့တာ၀န်ကျရာ ဒေသများသို့ သွားရောက်၍ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ကြီးကြပ်ရေးအဖွဲ့၀င်များ ဖွဲ့စည်းရေး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အဆင့်ဆင့်ရွေးချယ်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းချပြ ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းစဉ်များအပေါ် အကြံပြုရှင်းလင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ဖိုးချို(ပြန်/ဆက်)