မိုင်းရှူး ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မိုင်းရှူးမြို့ ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို မိုင်းရှူးမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိဌာနများဖြစ်သော ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်း(၈၄)ဦး တို့အား ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို (၂၈)ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်းထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)