မိုင်းယုမြို့၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးအား စိစစ်ရွေးချယ်

မိုင်းယု ဇန်နဝါရီ  ၂၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးအား စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့က ကျေးရွာအုပ်စု (၃)အုပ်စုအတွင်းရှိ ကျေးရွာများသို့ မြို့ကွင်းဆင်းရွေးချယ်ရေးအဖွဲ့များက ကွင်းဆင်းစိစစ်ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ  ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ပေးခြင်းကို မြို့ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များက  ကျေးရွာအုပ်စု များဖြစ်သည့် မြို့မရပ်ကွက်အုပ်စု၊ တာကြန့်ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုများအတွင်းရှိ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြို့ကွင်းဆင်းရွေးချယ်ရေးအဖွဲ့ဝင်များမှ သက်မှတ်နေရာများတွင် ယင်းအိမ်ထောင်စု ကိုယ်စားလှယ် အဖွဲ့များနှင့် တွေ့ဆုံကာ ၎င်းတို့ရွေးချယ်ကြသည့် အများပြည်သူကြည်ညိုလေးစားပြီး ကြီးကြပ်ရေးအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လိုသူ (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျစိစစ်ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင် (ပြန်/ဆက်)