ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ကို ပထမအကြိမ် စတင်ထိုးနှံ

ရေး ဇန်နဝါရီ ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ကို ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများကို ရေးမြို့နယ်ပြည်သူ့ဆေးရုံ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း ၁၄၅ ဦးကို ယနေ့နံနက်မှ စတင်၍ ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်နေ့တွင် ၁၂၆ ဦးကို ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် ( ပြန်/ဆက်)