မိုးမိတ်မြို့ရှိ ဆောင်းသီးစံပြကွက်များအား ကွင်းဆင်းစစ်ဆေး

မိုးမိတ်  ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်  မိုးမိတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးနှင့် ဝန်ထမ်းများသည် ဆောင်းသီးနှံစံပြကွက်များ အောင်မြင်စွာဖြစ်ထွန်းနိုင်မှုရှိမရှိကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆောင်းသီးနှံစံပြကွက်များတွင် ကုလားပဲ ၊ ပဲပုတ် ၊ မြေပဲ ၊ ပဲကြီး ၊နေကြာ ၊ စတော်ပဲ၊ နှမ်း စသည့် သီးနှံများ စိုက်ပျိုးထားရှိပြီး သီးနှံများတွင် ပိုးမွှားအန္တရာယ်ကျရောက်မှုရှိမရှိ ၊ အပင်ဖြစ်ထွန်းမှုအခြေအနေများ၊ သဘာဝမြေဩဇာ အသုံးပြုမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များအပေါ် အသိပညာပေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးနည်းပညာများ သိရှိလိုပါက မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနသို့ လာရောက်ဆက်သွယ် မေးမြန်းနိုင်ကြောင်းနှင့် မိုးမိတ်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ဧက (၁၀၀၀၀)ကျော်ခန့် စိုက်ပျိုး ထားရှိကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)