မိုင်းဖြတ် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်နယ်၊ (အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နဝမအကြိမ်မြောက်၊ သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ စိတ္တသုခကျောင်းတိုက်အတွင်းရှိ (၇)ရက်သား သမီးများမှ တည်ထားကိုးကွယ်လျက်ရှိသော "သဗ္ဗသုခ" ဆုတောင်း ပြည့်စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းဆရာတော် တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် (မဟာသဒ္ဒမ္မ ဇောတိကဓဇ) ဦးနန္ဒောဘာသ၊ စိတ္တသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဓမ္မဝံသနှင့် မြို့နယ်အတွင်းရှိ ပင့်သံဃာ အပါး(၄၅)ပါးတို့အား ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က ဝတ္ထုငွေ၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လောင်းလှူကုသိုလ် ပြုခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)