ဧရာဝတီ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဒုတိယမြောက်နေ့အဖြစ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

သင်္ဃန်းကျွန်း ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဧရာဝတီ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ယနေ့ နံနက် ၈ နာရီက ကိုဗစ်-၁၉ ကုသရေးစင်တာများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား ဒုတိယမြောက်နေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေး ခဲ့သည်။ ဧရာဝတီ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးနေခြင်း ဖြစ်ပြီး ပထမအသုတ်အဖြစ် ကျန်းမာရေး ဝန်ထမ်း (၆၀၀)ကျော်ခန့်အား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်တင့်ထွန်း(ပြန်/ဆက်)