လှိုင်သာယာမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း(၉၃)ဦးအား ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကျန်းမာရေးဝန်ထမ်း(၉၃)ဦးအား ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ် ဆရာဝန် ဒေါက်တာ ကြူကြူသင်း ဦးဆောင်၍ ကာကွယ်ဆေးထိုးပေးသည့် အဖွဲ့များက ကာကွယ်ဆေးမထိုးမီ တစ်ဦးချင်းဆီ သွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့် အချက်များကို ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးပြီး ကျန်မာရေးဝန်ထမ်း(၉၃)ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေးကို လေးပတ်အကြာ ဖော်ဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် ထိုးနှံ ပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် အသက်(၁၈) နှစ်အထက် ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာန မြို့နယ်ဆရာဝန် ဒေါက်တာ ကြူကြူသင်းထံမှ သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)