စတင်ခွင့်ပြုတော့မည့် လားရှိုး မြို့အဝင်အထွက်၊ ညအိပ်၊ညနေလျှော့ပေါ့ခွင့်ပြုပေးမည့် အစီအစဉ် ခေတ္တခဏယာယီရပ်ဆိုင်းကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရ

လားရှိုး  ဇန်နဝါရီ  ၂၈

ယနေ့(ဇန်နဝါရီလ-၂၈)ရက်နေ့တွင် စတင်ခွင့်ပြုပေးတော့မည့် ရှမ်း/မြောက်ဒေသတွင်းမှ မိဘပြည်သူများ လားရှိုးမြို့အတွင်းသို့ ညအိပ်၊ညနေလာရောက်ခွင့်ပြုပေးမည့်အစီအစဉ်ကို ရက်သတ္တပတ်()ရက် နောက်ဆုတ်လိုက်ကြောင်း ယနေ့ နံနက်ပိုင်း အချိန်တွင် လားရှိုး မြို့နယ်ကိုဗစ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအာကာလင်း ထံမှ သိရသည်။

ယမန်နေ့ ပိုးတွေ့လူနာနှစ်ဦးမှာ ရှမ်း/မြောက်ဒေသ ကွမ်းလုံနှင့်မူဆယ်မြို့များမှ လားရှိုးမြို့သို့ ပြန်လာကြသည့် ဒေသတွင်း ကူးစက်မှုအခြေအနေများကြောင့် ယခုကဲ့သို့ ဖြေလျော့မည့် ကိစ္စရပ်များကို ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ဥက္ကဋ္ဌ၏ ရှင်းလင်း ပြောပြချက်များအရ သိရသည်။

လားရှိုးမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တ်များဖြစ်သည့် မယ်ဟန်နှင့် နမ္မတူလမ်းဆုံဂိတ်များကိုလည်း ယခင်ကာလများ အတိုင်း ဆက်လက်ထားရှိကာ စစ်ဆေးမှုများ လုပ်ဆောင်နေမည်ဟုလည်း သိရသည်။

ဟန်ဌေး(လားရှိုး)